Membership

SSYEA အသင်းဝင်အဖြစ် ပါဝင်လိုက်ပါ

အသင်းဝင်ထားသင့်သူများ

  • လုပ်ငန်းအသစ်တည်ထောင်လိုသူများ၊
  • မိမိ လုပ်ငန်းအတွက် အကြံဉာဏ်ကောင်းနှင့် လမ်းညွှန်မှုရရှိလိုသူများ၊
  • လုပ်ငန်းအကြံဉာဏ်ကောင်း ရှိသော်လည်း ရင်းနှီးငွေမလုံလောက်သူများ၊
  • ငွေရေးကြေးရေးမပြေလည်သူများ၊
  • လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသော လုပ်ငန်းရှင်များ၊
  • အသေးစားစီးပွားရေး လုပ်ငန်းရှင်များ၊

အဘယ်ကြောင့် အသင်းဝင်သင့်ပါသလဲ

  • ဝါရင့် ပုဂ္ဂိုလ်များ၏ အတွေ့အကြုံမျှဝေမှုများ၊ သင့်လျော်သော လမ်းညွှန်မှုများစဉ်ဆက်မပြတ် ပံ့ပိုးပေးခြင်းဖြင့် အောင်မြင်မှု အခွင့်အလမ်းပိုမိုရရှိစေခြင်း။
  • စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လိုသူများအတွက် တရားဝင်စတင်မှုများ မပြုလုပ်မှီ ၄င်းတို့၏ အကြံဉာဏ်များကို စမ်းသပ်နိုင်ခြင်း။
  • စီးပွားရေးလုပ်ငန်းများတွင် အခြေခံနှင့် အထူးကျွမ်းကျင်မှုသင်တန်းများ တက်ရောက်နိုင်ခြင်း။
  • လက်တွေ့လုပ်ငန်းခွင်တွင် ချက်ချင်းအသုံးပြုနိုင်သည်အထိ ဒီဇိုင်းရေးဆွဲထားသော အနာဂတ်စီမံကိန်းတွင် ပါဝင်နိုင်ခြင်း။
  • MYEA၏ ပံ့ပိုးမှုဖြင့် စိတ်ကူးစိတ်သန်းများအား သုံးသပ်ပေးခြင်း၊ ငွေကြေးအရင်းအမြစ်ရှာဖွေခြင်း၊ လုပ်ငန်းတိုးတက်စေရန် ဆောင်ရွက်ဖွယ်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ခြင်း။
  • လုပ်ငန်းအတွေ့အကြုံရင့်သန်သော CEO များနှင့် ဝါရင်ပုဂ္ဂိုလ်များမှ စွန့်ဦးတီထွင်ဂေဟစနစ်ပိုမိုအားကောင်းစေရန် ပါဝင်၍ လမ်းပြပေးခြင်း။
  • မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင်ယဉ်ကျေးမှု မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာတွင် အောင်မြင်မှုရရှိနေသော လုပ်ငန်းရှင်ကြီးများ၏ ဟောပြောပွဲများသို့ တက်ရောက်ခွင့် ရရှိခြင်း။
SSYEA တွင် အသင်းဝင်ရန် လိုအပ်ချက်များ

အသက် (၁၈)နှစ်မှ (၄၅)နှစ်အတွင်း ဖြစ်ရမည်။

(1) Executive Member Requirements

  • လုပ်ငန်းရှင်ဖြစ်ရမည်။
  • Company Registration / လုပ်ငန်းလိုင်စင်(မိတ္တူ)
  • Form 6 / Form 26 (မိတ္တူ)
  • နိုင်ငံသားမှတ်ပုံတင် (မိတ္တူ)
  • Passport ဓါတ်ပုံ(၃)ပုံ
  • ဘွဲ့လက်မှတ်နှင့် အခြားပညာရေး certificateများ (မိတ္တူ)
  • အသင်းဝင်ကြေး – ၁၀၀,၀၀၀/- (တစ်သိန်းကျပ်)
  • နှစ်စဉ်ကြေး – ၁၀၀,၀၀၀/- (တစ်သိန်းကျပ်)
    (Regional + National)

(2) Associate Member Requirements

  • နိုင်ငံသားမှတ်ပုံတင် (မိတ္တူ)
  • Passport ဓါတ်ပုံ(၃)ပုံ
  • အသင်းဝင်ကြေး – ၅၀,၀၀၀/- (ငါးသောင်းကျပ်)
  • နှစ်စဉ်ကြေး – ၂၀,၀၀၀/- (နှစ်သောင်းကျပ်)

(3) Corporate Member Requirements

  • ကုမ္ပဏီတွင် GM နှင့် အထက် ရာထူးဖြစ်ရမည်။
  • ကုမ္ပဏီမှ ထောက်ခံချက်
  • Company Registration/ Form 6/ Form 26 (မိတ္တူ)
  • Passport ဓါတ်ပုံ(၃)ပုံ
  • အသင်းဝင်ကြေး – ၁,၀၀၀,၀၀၀/- (ဆယ်သိန်းကျပ်)
  • နှစ်စဉ်ကြေး – ၁,၀၀၀,၀၀၀/- (ဆယ်သိန်းကျပ်)

(4) Foreign Member

  • Passport Copy
  • 3 photos
  • Foreign Member Register Fee – US $200
  • Annual Fee – US $200
Membership Form


SSYEA နှင့် လက်တွဲပါ

ချိတ်ဆက်မယ်၊ အတူတူ တိုးတက်မယ်၊ ရှမ်းပြည်နယ်ရဲ့အနာဂတ်ကို
ပူးပေါင်း တည်ဆောက်ကြမယ်